Föräldrasupporten (burmesiska/မြန်မာ)

ပံ့ပိုးမှုနှင့် အကြံဉာဏ်လိုအပ်သော မိဘများအတွက်

မိဘ ပံ့ပိုးမှုသည် မိဘတယောက်အနေဖြင့် သို့မဟုတ် အခြားအရေးကြီးသော လူကြီးများ အနေဖြင့် သင့်အား ကလေးများနှင့် လူငယ်များနှင့် ဆိုင်သော လမ်းညွှန်ချက်များနှင့် ပံ့ပိုးမှု ကိစ္စရပ်များကို ကမ်းလှမ်းသည်။ ယင်းသည် နေ့စဉ်ဘဝ စိန်ခေါ်မှုများအား ကိုင်တွယ်ခြင်းလည်း ဖြစ်နိုင်ပြီး ကလေးများ ကြီးပြင်းလာရာ အခြေအနေအမျိုးမျိုးအောက်တွင် သူတို့ နှင့် ဆက်ဆံရန် နည်းလမ်းများကို ရှာဖွေခြင်းလည်း ဖြစ်နိုင်သည်။ နားမထောင်သော၊ ညီအစ်ကို မောင်နှမများအချင်းချင်း စကားများ ရန်ဖြစ်သော၊ ဆယ်ကျော်သက် စိုးရိမ်မှုများ ရှိသော သို့မဟုတ် ကျောင်း ပြဿနာများ ရှိသော ကလေးများနှင့် ပတ်သက်၍လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဝမ်းနည်းနေသော၊ စိုးရိမ်နေသော၊ ကြောက်ရွံ့နေသော သို့မဟုတ် အကြမ်းဖက်လိုသော ဒေါသရှိသော ကလေးများလည်း ဖြစ်နိုင်သည်။ သင့်တွင် အသက် ၀ နှစ်မှ ၂၀ အတွင်း ကလေးများနှင့် လူငယ်များ ရှိပါက ကျွန်ုပ်တို့သည် သင့်အတွက် ရှိနေသည်။ မိဘအုပ်ထိန်းမှုတွင် အခက်အခဲ အကြီးအသေး နှစ်မျိုးစလုံးကို ကိုင်တွယ်ရာတွင် မိမိတို့ အနေဖြင့် သင့်ကို အကူအညီပေးနိုင်ပြီး ရှေ့သို့ ဆက်သွားရန် နည်းလမ်းသစ်များ ရှာဖွေပေးနိုင်သည်။ မိမိတို့၏ နေရာတွင် တစ်ဦးချင်း ဆွေးနွေးမှုအတွက် လာရောက် နိုင်သည်၊ သို့မဟုတ် ဗီဒီယို ခေါ်ဆိုမှုမှလည်း တွေ့ဆုံနိုင်သည်။ ကလေးများ၊ လူငယ်များနှင့် မိဘအုပ်ထိန်းမှု ဆိုင်ရာ အကြောင်းအရာ အမျိုးမျိုးကို လွှမ်းခြုံထားသော မိမိတို့၏ မိဘအုပ်ထိန်းမှု သင်တန်းများတွင် ပါဝင်ရန်လည်း သင့်အား ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်ရန်။

ဖုန်းနံပါတ်။ 0920-45 45 20

Luleå မြူနီစပယ် နယ်မြေ ဖောက်သည် စင်တာ။ 0920-45 30 00

အီးမေးလ်။ foraldrasupporten@lulea.se

Sidan uppdaterades den 15 februari 2023