Familjerådgivning (burmesiska/မြန်မာ)

ရင်းနှီးနီးစပ်သော ဆက်ဆံရေးများအတွင်းပံ့ပိုးမှု လိုအပ်နေသူများအတွက်

မိသားစု နှစ်သိမ့်ဆွေးနွေးခြင်းကို မကြာခဏပင် လင်မယား ဆက်ဆံရေးများတွင် အတူနေထိုင်ခြင်း ပြဿနာများအပေါ် လုပ်ဆောင် သည်။ လူအားလုံးသည် ၎င်းတို့၏ ရင်းနှီးသော ဆက်ဆံရေးများအတွင်း ပြဿနာများ ရှိနိုင်သည်။ သင်သည် တစ်ဦးတည်း နေသည် ဖြစ်စေ၊ အိမ်ထောင်ဘက်နှင့် နေသည်ဖြစ်စေ၊ ကလေးများ ရှိသည်ဖြစ်စေ သို့မဟုတ် ကလေးမရှိပဲ ဖြစ်စေ မည်သည့်ပုံစံဖြင့် နေထိုင် သည်ဖြစ်စေ မိမိတို့ထံ လာနိုင်သည်။ မိသားစု နှစ်သိမ့်ဆွေးနွေးခြင်းတွင် ဆွေးနွေးချက်များသည် ဥပမာအားဖြင့် ဆက်သွယ်ရေး၊ ပဋိပက္ခများကိုင်တွယ်ခြင်း၊ ဆက်ဆံရေး အကြပ်အတည်းများ၊ ပြတ်စဲခြင်း၊ နီးစပ်မှု နှင့် လိင်ကိစ္စ ဆိုင်ရာ တို့အတွက် အကူအညီရစေသည်။

မိမိတို့တွင် လျို့ဝှက်မှုထားရှိရန် တာဝန်ရှိသောကြောင့် မှတ်စုများ လိုက်လံ ရေးမှတ်မည်မဟုတ်ပါ။ မိသားစု နှစ်သိမ့်ဆွေးနွေးခြင်းပြုရာတွင် အမည်ဖော်ထုတ်ခြင်းမပြုပဲလည်း လုပ်၍ ရပါသည်။

ဆက်သွယ်ရန်။

တယ်လီဖုန်းနံပါတ်။ 0920-45 43 90

ကျေးဇူးပြု၍ မှတ်ထားရန်မှာ သင့်အား မိမိတို့ ခေါ်ဆိုသော အခါ သင်ခေါ်ဆိုခဲ့သော ဖုန်းနံပါတ်ကို မှတ်သားထားပြီး ပြန်လည် ခေါ်ဆိုပါမည်။

Luleå မြူနီစပယ်နယ်မြေ ဖောက်သည် စင်တာ။ 0920-45 30 00

အီးမေးလ်။ familjeradgivningen@lulea.se.

သင့်အား မည်သို့ ဆက်သွယ်ရမည်ဆိုသည့် အချက်အလက်ကို ချန်ထားရန် မမေ့ပါနှင့် ထိရှလွဘ်သော အချက်အလက်များကို အီးမေးလ်နှင့် မပေးပို့ရန်လည်း သတိရပါ။ ဆက်ဆံရေးအတွင်း အကြမ်းဖက်မှု ရှိပါက မိမိတို့အား ဆက်သွယ်သည့်အခါတွင် ထုတ်ပြောခဲ့ပါ။ ထို့နောက်တွင် သင့်အား တစ်ဦးချင်း နှစ်သိမ့်ဆွေးနွေးမျု နှင့် သင့်အတွက် သင့်တော်ပါက စုံတွဲ ဆွေးနွေးမှုမျိုးကို ရရှိနိုင်ပါသည်။

Sidan uppdaterades den 24 februari 2023